ဘ၀တစ်ကွေ့ ခဏတွေ့ တဲ့
ချစ်သောခင်သော သူငယ်ချင်း
မိုင်းများခြားလို့  ဝေးကွာသွားလည်း
သတိတရ လွမ်းတဲ့စိတ်က
ရင်ထဲမှာတော့ ထာဝရ.. ။
မတွေ့ မမြင် ရှိနေလျင်လည်း
ခင်မင်စိတ်ထား ဒီစကားက
ပြင်ရန်မလို ဆက်လို့ ဆိုမည်
Remember you,I miss you.
- ခွင့်မတိုင် ..အကြောင်းမကြားပဲ မောင်ငယ်တစ်ယောက်ပျောက်နေလို့  အပစ်မတင်ပါနဲ့လို ပဲပြောပါရစေဗျာ..။ တကယ်ပါ..။ အွန်လိုင်းမ၀င်နိုင် စာ မရေးနိုင် မဖတ်နိုင် ဖြစ်နေတာ နှစ်ပါတ်နီးပါးဖြစ်ပါတော့မယ်..။ နောက်လည်းထပ်ပြီးတော့ ဘူးဇီးဖို့ အကြောင်းအရာ ကလည်းရှိနေဦးမှာ ပါ။ဒီလကုန်
လောက်ထိ ပျောက်နေမယ်လို့ လည်း ပြောပါရစေ.။ အမှန်ဆိုရင်တော့ ဒီစာကိုမရေးဘူးလို့ ဆုံးဖြတ်ထားတာပါ။ သူငယ်ချင်းတွေနဲ့ စာဖတ်ပရိတ် သတ်တွေကို အားနာလာလို့ ဒီစာရေးဖြစ်တာ ပါ။ကျွန်တော့စာတွေ အပေါစား ဆံနေပေမယ့် လည်း အားပေးအားမြှောက်ပြုပေးကြတဲ့ သူငယ်ချင်း တွေရော အကြောင်းကြောင်းကြောင့်ရောက်လာကြတဲ့ သူငယ်ချင်းတွေကိုရော.. ဘလော့မလည်.. နစ်မဖွင့်လို့  စိတ်ဆိုးနေကြတဲ့သူငယ်ချင်း တွေကို ရော ဒီနေရာ ကနေ request လုပ်ချင်ပါတယ်။၊ တစ်ခါတစ်ရံလောက်မှသာ မေလ်း စ၀င်စစ် ဖြစ် ပါ တော့ တယ်။ ပျောက်နေတာကြာပြီ ဘာလို့ အခုမှဒီစာရေးလည်းဆို ပြီးအပစ်တင်မယ်ဆိုလည်း တင်ပါ တော့။ အကြောင်းအရာ တွေက များတော့ဘာကို အကြောင်းကြားပြီဘယ်လို ဆင်ခြေတတ်ရမယ်မှန်းကိုမသိတော့ပါဘူး.။ အခုမှ ဒီလို ရေးတာ ကလည်း နောက်ထပ် ရက်အတော်ကြာပျောက်နေမယ်လို့ ကိုယ့်ကိုယ်ကို ခန့် မှန်းမိလို့ ပါ။
တစ်ခုတော့ တိတိကျကျပြောနိုင်ပါတယ်။ သူငယ်ချင်းအားလုံးကိုသတိရပါတယ်။ ကျွန်တော်မရှိလို့ ပျော်နေမယ့်သူတွေလည်းရှိပါတယ်။
ဥပမာ-မက်မက်တို့  ၊ ကိုသီဟသစ်တို့ ပေါ့။
ဘာလို့ လည်းဆိုတော့ သူ တို့ ကို ညနေစောင်းကြီးမောနင်းအတင်းလုပ်ပြီး ထထနှုတ်ဆက်.. ပြီးရင် ဘာလုပ်လုပ်လိုက်လိုက်နှောင့်ယှက်နေ တတ်တော့ နှောင့်ယှက်မယ့်သူပျောက်နေတယ်ဆိုပြီး ပျော်နေလောက်ပါရဲ့။ဟဲဟဲ ..အကြွေးမှတ်ထားမယ် ..နောက်မှအတိုးချနှောင့်ယှက်မယ်။
PS :ကျွန်တော့ကို တဂ် ထားပြီး ပိုစ်နဲ့ အကြွေးတောင်းထားတဲ့ အကို ရီနိုမာန်ကိုလည်း တောင်းပန်ပါတယ်။လမကုန်ခင်တော့ ရေးပေးပ့ါမယ်လို့ ။
လမကုန်ခင်ပြောတာ ပါ။ လကုန်တဲ့ရက် မှလည်းဖြစ်နိုင်ပါတယ် ။
အခုတစ်လော နစ်မှာတင်ထားတဲ့ logo ပါ။ဟီးး ပေါက်လော့ ။။။

- *ဒေါက်ဒေါက်ဒေါက်*
* ဟေ့.. ဘယ်သူလဲကွ ..လာပြီလာပြီ ခဏလေး *
*ကျွန်တော်ပါဆရာ.. မောင်ဆန်း ပါ*
*သြော်..ဘာလည်း ကွ …. ထုံးစံပဲလား… *
*ဟုတ်ပါတယ် ဆရာ ထုံးစံ .. အတိုင်းပါပဲ*
*ဆရာ ..ဆရာ.. ခဏတော့ လိုက်ကြည့်ပေး ပါဗျာ..။*
*ဘယ်ကဘယ်လိုစ ဖြစ်တာလည်း ကွ… ထုံးစံ အတိုင်းပဲလား*
*ဟုတ်တယ် ဆရာ..*
ကျွန်တော်နဲ့ ကောင်လေး မောင်ဆန်းတို့ ပြောနေတဲ့ ထုံးစမ် ဆိုတာ က… ကောင်လေး မောင်ဆန်းရဲ့ အဖေက .. ကျိုက်ထို ရန်ကုန် ဆွဲ တဲ့ ဟိုင်းလတ် ကားလေး မှာ စပါယ်ယာလိုက်ပါတယ်..။အဝေးပြေးယဉ်လိုင်း ဆိုတဲ့အတိုင်း ရံဖန်ရံခါ ကျိုက်ထို မှာ ညအိပ်ရဧ။်..။ ကောင်လေးရဲ့ အမေက ရောဂါထွေထွေထူးထူးတော့မရှိပေမယ့်… နည်းနည်းတော့ပိန်တယ်..။ အရပ် ကလည်းမြင့်တယ်လို့ ပြောလို့ ရတယ်..။ဒါပေမယ့်သူ့ ယောကျာင်္းအပေါ်ထားတဲ့ သ၀န်တိုစိတ်က သူ့ အရပ်ထက်ပိုမြင့် လေဧ။်သူ့ ယောကျာင်္း ကိုယ်တိုင်ကလည်း အရင်က လက်စလက်န တော့ရှိဖူုးလို့ 
လည်းဖြစ်မှာပေါ့..။မိန်း မတို့ ရဲ့အားသာချက် လို့ ပဲပြောရမလား.. အားနည်းချက်လို့ ပဲပြောရမလား.. သူ့ ယောကျာင်္းကို သ၀န်တိုလို့ ရန်ဖြစ်ပြီး စကားများကြပြီ ဆိုရင်နောက် ဆုံး ကျတော့ မျက်ရည်တွေထွက်.. တက်ပြီး.. သတိလစ်သွား တဲ့ပုံစံနဲ့ ပဲ အဆုံးသတ်သွားတော့တာ ပဲ..။ကျွန်တော့ အနေနဲ့ သူတို့ ရန်ပွဲမှာအဆုံးသတ်ပေးသူ(သို့ )ကယ်တင်ရှင်ကြီးကိုဖြစ်လို့ ..။ သူတို့ ရန်ဖြစ်တိုင်း သူ့ အမေတက်ပြီဆိုရင် သူ့ သား
အကြီးကောင်ကကျွန်တော့ဆီ ပြေးလာပြီ ။အဲ့လိုအချိန်ဆို ကျွန်တော်လည်းလိုက်သွားရင်း နောက်တော့မိသားစုနဲ့ ခင်မင်လာတော့ ဒီလိုငိုတာမ ကောင်းဘူး.. အသက်တွေလည်း ကြီးပြီ .. ဘာညာဆိုပြီး ပြောဆိုဆုံးမရတာလည်း အကြိမ်ပေါင်းမနည်း။ ကျွန်တော် ပြောလိုက်တိုင်းလည်း ဟုတ်ကဲ့ပါဆရာ..နောက်ဆို ကျွန်မ ဒီလိုမငိုတော့ ပါဘူး လို့ ပြောပြီး ကတိတွေပေးတာလည်း အခါခါ။အင်းပေါ့လေ သူက နောက်ဘယ်ငိုမလဲ.. ရှေ့ ဆက်ပြီးပဲငိုတာပေါ့..။
အခုလည်း ထုံးစံ အတိုင်း သူ့ ယောကျာင်္းနဲ့ ရန်ဖြစ်ပြီး သွေးတက်ပြီဆိုတာ ကို ကျွန်တော်သိလိုက်တော့.. သူ့ သားမောင်ဆန်းနဲ့ အတူသူတို့ အိမ်ကို လိုက်လာခဲ့တာပေါ့။မနက်စောစော စီးစီး ကိုယ့်မှာ ကော်ဖီလေးတောင်မသောက်ရသေးဘူး။ အိမ်ပေါ်ရောက်လို့ ထုံးစံအတိုင်း သွေးခုံနှုန်း စမ်း၊ဆေထိုး၊ ဆေးပေးပြီးတဲ့အခါ..
*ကဲ.. အမ..ဘယ်လိုနေသေးလည်း..သက်သာရဲ့လား*
*ဟုတ်ကဲ့… သက်သာပါတယ်ဆရာ..ဆရာကိုလည်းမနက်စောစောစီးစီး လာခေါ်ရတာအားနာ ပါတယ်ဆရာရယ်..ကျွန်မ လည်းထိန်းတော့ ထိန်းတာပဲ.. ဒါပေမယ့်ဆရာရယ် *
*အမ ကို ခင်လို့ တစ်ခုတော့ပြောမယ်နော်.. ယောကျာင်္းဆို တာပြောပါများရင်ရွဲ့ တတ်တယ်ဗျ….အခုရော အမယောကျာင်္း ဘယ်ထွက်သွားလည်း*
* မရှိဘူးဆရာရဲ့.. သူ ဟိုနေ့ ကတည်းက ကားအော်ဒါရလို့ ဘုရားဖူးတွေလိုက်ပို့ တာ နှစ်ရက်ရှိပြီ.. ပြန်မလာသေးဘူးဆရာ ရဲ့.. ဒါကြောင့် *
*သြော်.. ဒါဆို အမ က အကိုနဲ့ ရန်ဖြစ်တာမဟုတ်ဘူးပေါ့*
*မဟုတ်ဘူးဆရာ .. သူနဲ့ ပဲရန်ဖြစ်တာ ပါ.. ကျွန်မကိုစိတ်ဆင်းရဲအောင်လုပ်လို့ ရန်ဖြစ်ရတာ သူပဲရှိတာကို ဆရာကလည်း *
*ဟာဗျာ.. အမ ကလည်း.. ဘယ်လိုဖြစ်တာလည်းဗျ..သူလဲအိမ်မှာမ ရှိပဲနဲ့ ..*
*ဒီလို ဆရာရယ်.. ညက ကျွန်မ အိမ်မက်ထဲမှာ သူ နဲ့ နောက်မိန်းမတစ်ယောက်နဲ့ တွဲ လာတာမြင်တော့ ကျွန်မ စိတ်တိုပြီး ရန်တွေဖြစ်လိုက် တာ
အကြီးအကျယ်ပဲ ဆရာရယ်…အိပ်ယာက လန့် နိုးတော့ ဒေါသတွေထွက်ပြီး သတိလစ်သွားတာ ပါဆရာ*
*ဗျာ… *
*******************************************************************************
ငယ်ငယ် ကကြားဖူးတဲ့အကြောင်းအရာလေးတစ်ခု ကို စတိုင်လ် တစ်မျိုးနဲ့ ရေးကြည့်တာ ပါ..။
သြော် မိန်းမ ..မိန်းမ ……..
- ဒီလို ဗျာ..
ဟိုတစ်နေ့ က ကျွန်တော် အပြင်သွားပြီးပြန်လာတော့ ရထားပေါ်မှာ ရုရှ သူသုံးယောက်ကိုတွေ့ တယ်..။သုံးယောက်စလုံးက တော်တော် လည်းချောပါတယ်..။ကျွန်တော်ထိုင်နေတဲ့ နေရာရှေ့ တည့်တည့် မှာဆိုတော့ကျွန်တော်လည်းသေချာကြည့်မိတာပေါ့..။ ဟဲဟဲ
ဒါပေမယ့်တစ်ခု ဆိုးနေတာက သူ တို့ ကြားထဲမှာ ကလေးတစ်ယောက်ပါနေတယ်..။ သူတို့ ကလည်း ကလေးကိုစလိုက်နောက်လိုက်နဲ့
ကလေးကလည်း ပြုံးလို့ရီလို့ ..။ သူတို့ အကုန်လုံးကိုသူ့ အမေလို့ ထင်နေ ပုံရတယ်..။ကလေးက အလည်မှာ.. သူတို့ သုံးယောက် မှာ နှစ်ယောက်က ကလေးဘေးတစ်ဘက်စီမှာထိုင်နေတယ်.. တစ်ယောက် ကမတ်တပ် ရပ်နေတယ်..။ နောက်ပြီးတော့ မတ်တပ် ရပ်
နေတဲ့တစ်ယောက်က ချော ကလပ်စားပြီးတော့.. ထိုင်နေတဲ့နှစ်ယောက်က ရေခဲမုန့် စားနေတယ်..။ရေခဲမုန့် စားနေတဲ့နှစ်ယောက် မှာ
မှ တစ်ယောက်က ရေခဲမုန့် ကို မထိတထိ လေး အရသာခံပြီးစားနေတယ်..။ ကျန်တစ်ယောက်က(ကလေးဘယ်ဘက်)ရေခဲမုန့် ကို အားရပါးရစားနေတယ်..။
ကျွန်တော်လည်းကြည့်နေရင်းနဲ့ တစ်ခုစဉ်းစားမိသွားတာဗျ..။
သူတို့ သုံးယောက်တည်းမှာ ဘယ်သူ က ကလေးအိမ်ထောင်သည်ဖြစ်မလဲပေါ့ဗျာ..။ သုံးယောက်စလုံးက လည်း အသက်သိပ်မကွာ ဘူး.. လှတာက လည်း သိပ်မကွာဘူးဆိုတော့ ဝေခွဲမရဖြစ်နေတာ နဲ့ စဉ်းစားရင်း ကျွန်တော် ဆင်းမဲ့ဘူတာရောက်လာ တော့ဆင်း လာခဲ့ တာ အိမ်ထောင်သည် ဘယ်သူလည်းတောင်သေချာ မကွဲပြားဘူး..။ အဆောင်ပြန်ရောက်မှ သေချာတွေးကြည့်လိုက်တော့ ယေဘုယျ ကျတဲ့အဖြေ တစ်ခု၇တယ်ဗျ..။
ဟဲဟဲ.. သူငယ်ချင်းတို့ ကရော.. အိမ်ထောင်သည် ဘယ်သူဖြစ်မလဲဆိုတာ ၀ိုင်းစဉ်းစာပေး ပါဦး..။
နောက်ဆုံး ဘယ်လိုမှစဉ်းစားမတတ်ရင်တော့ ကျွန်တော်စဉ်းစားထားတဲ့ အဖြေကိုပြောပြမယ်..။
ဆက်လက်ဖတ်ရှုရန်မှာ အဖြူနဲ့ ရေးထားတယ်… ကိုယ့်ဘာသာ စလက်တ် လေးလုပ်ပြီးကြည့်လိုက်ပေါ့..။
-